spot_img

ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့တဲ့ ယူနိုက်တက်

အက်စတွန်ဗီလာ ၁-၃ မန်ချက်စတာယူနိုက်တက်

အကောင်းဆုံးပုံစံပြနေတဲ့ မန်ယူအသင်းက အဝေးကွင်းမှာ အက်စတွန်ဗီလာကို ဂိုးပြတ်နိုင်ပြီး နောက်ပွဲမှာ ဝက်စ်ဟမ်းအသင်း အရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေခဲ့ပါတယ်။ မန်ယူအသင်းမှာ ပြိုင်ဘက်အသင်းကို နောက်ကောက်ချနိုင်တဲ့ လက် သီးချက်တွေကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး အကောင်းဆုံးပုံစံမဟုတ်တဲ့အချိန်တွေမှာတောင် ဂိုးတွေ သွင်းနိုင်တာကို တွေ့ရတယ်။ တိုက်စစ်မှာ နေရာစုံ၊ ရှုထောင့်စုံကနေ ဂိုးရဖို့ အခွင့်အလမ်းတွေဖန်တီးနိုင်ပြီး၊ ဖန်တီးမှုပိုင်းဆိုင်ရာအားသာချက်နဲ့ အမြန်နှုန်း အားသာချက်တွေကိုလည်း ပိုင်ဆိုင်ထားတယ်။ သူတို့ကိုယ်တိုင်လည်း ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဒဏ်တွေကို ခံနေရပေမဲ့ ကိုယ်ကပိုပြီး တိုက်စစ်ဆင်နိုင်အောင် ကြိုးစားလေ့ရှိတယ်။

myan789

ကာဗာနီရဲ့ ဒုတိယပိုင်း Movement တွေက အရမ်းကောင်းခဲ့ပြီး နောက်ဆုံးဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ချိန်မှာ ဘောလုံးလမ်းကြောင်းတောင်းပုံ၊ ပြေးထွက်ပုံ၊ အဆုံးသတ်ခေါင်းတိုက်ပုံတွေက ပြီးပြည့်စုံတဲ့ ဂိုးတစ်ဂိုးဖြစ်စေခဲ့တာလည်း တွေ့ရတယ်။ ဆိုးလ်ရှားက ဒီပွဲမှာ တောင့်တင်းတဲ့လူစာရင်းကို အသုံးပြုသွားခဲ့ပြီး အနည်းဆုံးတော့ အဆင့် (၄) နေရာကို သချင်္ာနည်းအရတောင် မလွဲချော်အောင် ကစားသွားခဲ့တယ်။ ခြုံကြည့်ရင် တစ်ပွဲလုံးခြေစွမ်းက ကောင်းမွန်ခဲ့ပြီး ပထမပိုင်းမှာကတည်းက အ ခွင့်အရေးဖန်တီးမှုတွေ အားကောင်းခဲ့တယ်။ ဒါပေမဲ့ တစ်ခုခုလိုအပ်နေသလို ဖြစ်နေပြီး အက်စတွန်ဗီလာအသင်းရဲ့ ဦးဆောင်ဂိုးသွင်းခြင်းကို လည်းခံခဲ့ရတယ်။

ဒုတိယပိုင်းကတော့ ပိုပြီးအသင်းကောင်းပီသတယ်လို့ ဆိုရမယ်။ တိုက်စစ်ကစားသမားအားလုံးကြားက Link up တွေက အားကောင်းခဲ့ပြီး ဖရက်ဒ်ရဲ့အကောင်းဆုံးပုံစံကိုလည်း မြင်ရတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီကနေရတဲ့ ချေပဂိုးသွင်းအပြီးနောက်ပိုင်း အက်စတွန်ဗီလာ ယှဉ်ကစားနို်င်စွမ်းမရှိတော့ဘူး။ ဘရူနိုက ထုံးစံအတိုင်း ဘောလုံးလမ်းကြောင်းတွေ အများကြီးခင်းကျင်းပေးခဲ့ပြီး တိုက်စစ်နဲ့ကွင်းလယ်ကို ချိတ်ဆက်ပေးခဲ့တယ်။ (၅၆) မိနစ်မှာ မေဆင်ဂရင်းဝုဒ်က ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ဒီရာသီမှာ အရှုံးအနေအထားကနေ (၃၁)မှတ်အထိ ပြန်ယူနိုင်ခဲ့တဲ့ နိုင်ပွဲအတွက် အဆင်သင့်ဖြစ်ခဲ့တယ်။ နောက်ဆုံးဂိုးမတိုင်ခင် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ် ဟန်ဆောင်လှဲချလို့ နှစ်ဝါ၊ တစ်နီနဲ့ အထုတ်ခံခဲ့ရပြီး (၈၇)မိနစ်မှာ ကာဗာနီက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular