spot_img

မာရာဒိုနာ သေဆုံးခြင်း၏ အကြောင်းအရင်းမှန်ကို သိရှိလိုသည့် အာဂျင်တီးနားပရိသတ်များ ဆန္ဒပြ

မာရာဒိုနာ၏ ဇနီးဟောင်း၊ သားသမီးများနှင့် အာဂျင်တီးနားပရိသတ်များသည် မာရာဒိုနာ သေဆုံးရခြင်း၏ အကြောင်းအရင်းမှန်ကို သိရှိလိုသည့်အတွက် အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရီးစ်မြို့တွင် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒဖော်ထုတ်ကြသူများသည် ဗြူနိုအေးရီးစ်မြို့ပေါ်ရှိ လမ်းမများပေါ်တွင် တရားမျှတမှုနှင့် ဥပဒေပိုင်းဆိုင်ရာအရ မှန်ကန်သည့်ထုတ်ပြန်မှု ဖြစ်စေရန် အော်ဟစ်တောင်းဆိုခဲ့ကြပြီး သီချင်းများလည်း အော်ဟစ်သီဆိုခဲ့ကြသည်။

myan789

မာရာဒိုနာသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် ထာဝရအကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အလားတူပင် ဘိုကာဂျူနီယာ၊ ဘာစီလိုနာနှင့် နာပိုလီအသင်းတို့တွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသူဖြစ်သည်။

မာရာဒိုနာသည် ဦးနှောက်သွေယိုစီးမှုကြောင့် ခွဲ စိတ်ကုသမှုခံယူခဲ့ရပြီးနောက် ပြန်လည်သက်သာလာကာ နေအိမ်တွင် အနားယူနေခဲ့ပြီး ၂၀၂၀၊ နိုဝင်ဘာလ (၂၅) ရက် နေ့တွင်မူ နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။

အခြေအနေပြန်လည်ကောင်းမွန်လာပြီးမှ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းအတွက် သူ၏ဆရာဝန်ဖြစ်သူသည် ဝေဖန်စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ မာရာဒိုနာ မသေဆုံးမီအတွင်း ယင်းဆရာဝန်နှင့် မာရာဒိုနာတို့သည် ပြဿနာများရှိခဲ့သည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အာဂျင်တီးနားရဲတပ်ဖွဲ့သည် ယင်းသတင်းများကြောင့် ဆရာဝန်၏ နေအိမ်ကို စီးနင်းရှာဖွေခဲ့ကြသလို၊ ယင်းဆရာဝန်ကလည်း သူနှင့် မာရာဒိုနာတို့၏ ဆက်ဆံရေးမှာ အလွန်ရင်းနှီးပြီး ပြောမနာ၊ ဆိုမနာ ဆက်ဆံရေးမျိုးဖြစ်ကာ မည်သည့် ပြဿနာမျှမရှိဟု မီဒီယာများကို ဖြေကြားခဲ့သည်။

ယင်းဖြစ်ရပ်များအပြီးတွင် အခြားမည်သည့် လှုပ်ရှားမှု၊ သတင်းထုတ်ပြန်မှုမျှ မရှိတော့သဖြင့် မာရာဒိုနာ၏ ပရိသတ်များသည် သူ၏ ဇနီးဟောင်း၊ သမီးများနှင့်အတူ ပူးပေါင်းကာ တရားမျှတမှု ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး သေဆုံးရခြင်း၏ အကြောင်းအရင်းမှန်ကို သိရှိခွင့်ရရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular